Tab Menu




အောင်ဖြိုးဦးဘလော့သို့ လာရောက်ကြသောသူငယ်ချင်းများအားလုံးကိုနွေးထွေးစွာကြိုဆိုပါသည်။

Tuesday 10 July 2012

အပျိုကြီး အပျိုလေးများးးသိစေရန်


၁. သတ်မှတ်ချက်(က)
အသက် ၂၇နှစ်ကျော်ပြီး လက်ဆုပ်လက်ကိုင်ရည်းစားမပြသေးနိုင်သူအမျိုးသမီးများအား အပျိုကြီးအဖြစ် သတ်မှတ်သည်။(ရှိပါက ဆုပ်လည်းဆုပ်ပြရမည် ကိုင်လည်းကိုင်ပြရမည် .. အော် … လက်ပြောပါတယ်..) ယခင်ကexperience ဟောင်းများကို ခံစားခွင့်ရမည်မဟုတ်ချေ။ လက်ရှိမျက်မှောက်အခြေအနေကိုသာဆိုလို သည်။ သတ်မှတ်ချက်နှင့် အကျုံးမ၀င် စေရန်အလို့ငှာ
လိမ်ညာခြင်း၊ အယောင်ဆောင်ခြင်းအစားထိုးခြင်း ပြုလုပ်ပါကပြင်းပြင်းထန်ထန်အရေးယူခြင်းခံရမည်ဖြစ်သည်။
၂. သတ်မှတ်ချက်(ခ)
လက်ရှိရည်းစားရှိသော်လည်း လစာကိုလည်းကောင်း ကုန်ဈေးနှုန်းကိုလည်းကောင်းအမျိုးမျိုးအကြောင်းပြပြီး
လက်ထပ်ရန်အချိန်ဆွဲနေသူများသည်လည်းနောက်တိုးစာရင်းဖြင့်အကျုံးဝင်ကြောင်း ရှင်းလင်းစွာသိရှိစေရမည်။

တားမြစ်ချက်(က/၁)
အမျိုးသားများနှင့်ပါတ်သတ်ပြီး . ထိုသတ်မှတ်ချက်နှင့်ကိုက်ညီသောအပျိုကြီးများ ၊ အပျိုလေးများသည် အချင်းချင်းသော် လည်းကောင်း အုပ်ဖွဲ့ပြီးသော်လည်းကောင်းငယ်ရွယ်သူအမျိုးသမီး ငယ်လေးများကိုသော်လည်းကောင်း ယောက်ျားမကောင်းကြောင်း
ပြောကြားပါက အပြစ်ကြီးပါကချက်ခြင်းကတုံးရိတ်ပြီးသီလရှင်ဝတ်ပေးခံရမည်ဖြစ်သည်။ (သို့မှသာ ယောက်ျားများနှင့်ကင်းအောင်နေနိုင်မည်ဖြစ်သည်)
တားမြစ်ချက်(က/၂)
အချစ်ရေးနှင့်ပါတ်သတ်ပြီးအချစ်ရေးနှင့်ပါတ်သတ်ပြီးအချစ်သည်မကောင်းကြောင်းအထက်ပါအတိုင်း
ကျူးလွန်ပါက မြို့လည်ခေါင် လူစည်ကားရာ(ရန်ကုန်မြို့ဖြစ်ပါက ဆူးလေအ၀ိုင်း၊ အခြားနယ်မြို့များဖြစ်ပါက မြို့နာရီစင်ရှေ့တွင်) ၁နာရီတိတိမချစ်ရင်မနေနိုင်တာကလွဲလို့ သီချင်းကို အော်ဆိုရမည်။(သို့မှသာ အပြစ်ကိုအကျိုးဆောင်ပြီးကျေစေနိုင်မည်ဖြစ်သည်)
တားမြစ်ချက်(က/၃)
အိမ်ထောင်ရေးနှင့်ပါတ်သတ်ပြီး အထက်ပါ အကျုံးဝင်သူအပျိုကြီးများ ၊ အပျိုလေးများသည်အိမ်ထောင်ရေးမကောင်းကြောင်းကို (ဟုတ်သော်ရှိမဟုတ်သော်ရှိ) မကောင်းကြောင်းပြောကြားခဲ့သည်ဖြစ်သော် အိမ်ထောင်ရေးကောင်းကြောင်း
နှစ်သိမ့်ဆွေးနွေးပညာပေးသင်တန်းတွင်စာတွေ့လက်တွေ့ကိုကာလအပိုင်းအခြားတခုအထိ သင်တန်းတက် ရောက်ရမည်။
မှတ်ချက်(၁) ။ ကာလအပိုင်းအခြားဆိုသည်မှာ ကျူးလွန်သည့်အပြစ် အလေးအပေါ့ရုပ်ရည်နှင့် အမူအကျင့် အပေါ် မူတည်ပြီး ကွဲပြားကြောင်းသိရှိစေရမည်။တဆက်တည်းတွင် ထိုသင်တန်းအတွက် သင်တန်းနည်းပြဆရာ များ အလိုရှိနေသည်ဖြစ်ရာ
ယောက်ျားတို့တတ်အပ်သောပညာများ ကျွမ်းကျင်သူ ယောက်ျားတိုင်း အသက်အပိုင်းအခြား ကန့်သတ်မှုမရှိဘဲ လာရောက်လျောက်ထားနိုင်သည်။ (လူဦးရေကန့်သတ်မထားသော်လည်း ဦးရာလူနေရာကောင်းရမည်)
မှတ်ချက်(၂)။ ။အဆိုပါအပျိုကြီးများ ၊ အပျိုလေးများအပြစ်မှုကျူးလွန်ရာတွင်ပါးစပ်ဖြင့်မပြောသော်လည်း Online မှ chat ခြင်း Blog တွင်ရေးသားခြင်းMail ပို့ခြင်းစသည် media-based ပြစ်မှုများလည်း အကျုံးဝင်သည်။
Final တားမြစ်ချက်
ယောက်ျားများ၏အချစ်သည်မယုံကြည်ရသောကြောင့်၎င်းတို့နှင့်အိမ်ထောင်မပြုသင့်ဟု ပြောဆိုခဲ့ပါမူ တားမြစ်ချက်
(၁။က/ခ/ဂ)တို့အားတပြိုင်နက်ကျူးလွန်သူဖြစ်သောကြောင့် အထက်ပါအပြစ် (၃)ခုစလုံးအား တလှည့်စီကျခံရမည်ဖြစ်သည်။
နောက်ဆုံးပိတ်ကြေညာချက်
အကျုံးဝင်သူအားလုံးတို့သည် ပြစ်မှုမကျူးလွန်ရသေးလင့်ကစားအချိန်မရွေးပြစ်မှုကျူးလွန်နိုင်သူများဟု သတ်မှတ် ပြီး အပြည်ပြည်ဆိုင်ရာ
လူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီးမှနေ့ညမပြတ်စောင့်ကြည့်ခြင်းခံရမည်။ အခါအခွင့်သင့်သော
လူသားမျိုးနွယ်စောင့်ရှောက်ရေးဆွေးနွေးပွဲများတွင် ဓါတ်ပုံနှင့်တကွရှုံ့ချခြင်းခံရမည်။


အပြည်ပြည်ဆိုင်ရာလူသားမျိုးနွယ်စောင့်ရှောက်ရေးအသင်းကြီး
မြန်မာပြည်ရုံးခွဲ
မေးထဲကပါ....သည်အဖွဲ့စည်းမှာ ကျနော် ဒီပဲယင်းသားလေးက.... အမှုဆောင် အရာရှိအဖြစ်
တာဝန်ယူထားရပါတယ်.... အပျို ကြီးမမများ.... အပျိုးလေး ညီမလေးများးးးး
လိုအပ်ပါက   ဆက်သွယ်နိုင်ပါကြောင်းးးးးးးးးးးးးးးးေိေိေိ...သိသိသိ...
ဒီပဲယင်းသားလေး
အောာင်အောင်(မကစ)

No comments:

Post a Comment

Comment လေးတွေရေးပေးနိုင်ပါသည်