ပထမရွှေကျင်ဆရာတော်ဘုရားကြီး၏ မှတ်သားဖွယ်ရာ အဆုံးအမများ
ဘ၀နေနည်း
လူအချင်းချင်းပေါင်းသင်းဆက်ဆံကြတဲ့အခါ ကျင့်သုံးလိုက်နာရမယ့် ဘ၀ နေနည်း နည်းကောင်းများ။
-တောမီးသည် သစ်ရွက်ခြောက်ကို လောင်လွယ်၏။
သစ်ရွက်စိုကို မတတ်နိုင်၊ မသူတော်မီးသည် မေတ္တာခန်းသူကို လောင်လွယ်၏။
-နံ့သာတုံးသည် မီးရှို့သူကို မကျွမ်းမချင်း အနံ့ဖြင့် မွှေးစေ၏
သူတော်ကောင်းသည် ညှဉ်းဆဲသူကိုလည်း မသေမချင်း အကျိုးဆောင်၏။
-လူကောင်းသည် အရူးနှင့် ပြိုင်၍ အ၀တ်မလှစ်ကောင်း၊ သူတော်ကောင်းသည် မသူတော်နှင့် ပြိုင် ၍ ဒေါသမဖြစ်ကောင်း။
-ကျားကြောက်၍ပြေးစဉ် ခွေးဟောင်းသည်ကို အရေးမယူရ။
ငရဲကြောက်၍ သီလစောင့်စဉ် (သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်) မသူတော် ညှဉ်းသည်ကို အရေးမယူရ။
-ဒါနပြုသူကို မှီ၍ ဒါနပါရမီပြည့်သည်။
မသူတော်ကို မှီ၍ သည်းခံလျှင် ခန္တီပါရမီပြည့်သည်။
-ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။

အဆုံးအမဆောင်ပုဒ်များ
- ယစ်မသည် ဥအတွက်အသေခံသည်။
- စာမရိသားကောင်သည် အမြီးအတွက် အသေခံသည်။
- ရဟန်းသည် သီလအတွက် အသေခံသည်။
- သစ်ပင်အားနည်းလျှင် လေမုန်တိုင်း တိုက်လှဲသည်။
- ရဟန်းသမာဓိနည်းလျှင် ကိလေသာမုန်တိုင်း တိုက်လှဲသည်။
- စိတ်သည် တောမျောက်ကဲ့သို့ လော်လည်ဧ။် ။ အလိုမလိုက်ရာ။
- ကာလကို လူမစားလျှင် လူကိုကာလ စားသည်။
- သည်းခံခြင်း လက်နက်ဆောင်လျှင် ဒေါသမီးမလောင်။
- တုတ်လက်နက်ဆောင်လျှင် ခွေးဟောင်သည်။
- ဦးခေါင်းပြောင်ရိတ်ခြင်းသည် မာနကိုလည်း ရိတ်သည်မည်ဧ။် ။
- ဦးချိုကျိုးသော နွားသည် မာနလည်းကျိုးသည်။
- မြွေဆိုး ပါးပျဉ်းထောင်လျှင် လူရိုက်ခံရသည်။
- ရန်မထောင်မှ ရန်အောင်သည်။ ရန်ထောင် ရန်လှောင်မိတတ်သည်။
- ရန်မလိုမှ ရန်ပြိုသည်။ရန်လို ရန်ပိုတတ်လှသည်။
- သလေးနှံ အဆံမရှိခင် ထောင်သည်။ အဆံပြည့်လျှင်ညွတ်သည်။
- ဂါရ၀ကင်းသူ ဂုဏ်သတင်းမပြူ။ နွားစာငုတ်တိုနှင့်တူသည်။
- သူတစ်ပါးလှေကိုဖာနိုင်လျှက် မိမိလှေကို မဖာလျှင် ရေနစ်တတ်သည်။
- ဥဒေါင်းငှက် အက ကောင်းသော်လည်း စအိုပေါ်၍ အဆိုအမည်ခံရသည်။
- ရေကန်၌ မှော်ကိုဖယ်၍သောက်ရေခပ်ရသည်။
- မသူတော်၌ အပြစ်ကိုဖယ်၍ ဂုဏ်ကောင်းရှာရသည်။
- တုံးတတားလျှောက်စဉ် အရပ်တစ်ပါးမကြည့်နှင့် ချောက်သို့ကျလိမ့်မည်။
- သံသရာတံတားလျှေက်စဉ် သူတစ်ပါးအပြစ်မကြည့်နှင့် သံသရာချောက်သို့ ကျလိမ့်မည်။
- တရားပွဲကား လူကျဲတဲ ရပ်ရွာပျော်ပွဲတသဲသဲ။
- ရိုသေစွာ ခစားလျှင်မင်းခစားပင် မင်းကိုနိုင်သည်။
No comments:
Post a Comment
Comment လေးတွေရေးပေးနိုင်ပါသည်