Tab Menu




အောင်ဖြိုးဦးဘလော့သို့ လာရောက်ကြသောသူငယ်ချင်းများအားလုံးကိုနွေးထွေးစွာကြိုဆိုပါသည်။

Friday, 6 July 2012

သူငယ်ချင်း အမျိုးမျိုးရှိတယ်


သူငယ်ချင်း အမျိုးမျိုးရှိတယ်

အရမ်းရင်းနှီးတဲ့သူငယ်ချင်းရှိသလို စတွေ့တာနဲ့ မိတ်ဟောင်းဆွေဟောင်းလိုခင်မင်တဲ့ သူငယ်ချင်းလည်းရှိတယ်


လုပ်ဖော်ကိုင်ဖက် ခင်မင်ရင်းနှီးတဲ့သူငယ်ချင်း
ဘဝထဲက အတွင်းသိအစင်းသိတဲ့သူငယ်ချင်း

တချို့သူငယ်ချင်းက သင်ရဲ့ အကောင်းဆုံးနားထောင်သူဖြစ်တယ်

တချို့သူငယ်ချင်းက သင်ရဲ့ ကစားဖော်ဖြစ်တယ်

တချို့သူငယ်ချင်းက သင်ရဲ့ တိုင်ပင်ဆွေးနွေးသူဖြစ်တယ်

တချို့သူငယ်ချင်းက သင်လိုအပ်တဲ့အချိန် နွေးထွေးတဲ့လက်တစ်စုံ ကမ်းပေးသူဖြစ်တယ်

သူငယ်ချင်းတွေမှာ ဘာသာမခွဲပါဘူး၊ လူမျိုးမခွဲပါဘူး
ဆင်းရဲချမ်းသာ မခွဲသလို အသားအရေလည်း မခွဲပါဘူး
ဒီလိုသူငယ်ချင်းမျိုးတွေရှိခဲ့ရင် တန်ဖိုးထားလိုက်ပါ။
.

No comments:

Post a Comment

Comment လေးတွေရေးပေးနိုင်ပါသည်