Tab Menu




အောင်ဖြိုးဦးဘလော့သို့ လာရောက်ကြသောသူငယ်ချင်းများအားလုံးကိုနွေးထွေးစွာကြိုဆိုပါသည်။

Wednesday, 11 July 2012

Fonts Converter

Fonts Converter

အခုနောက်ပိုင်း Online မှာ Myanmar Fonts ၂ မျိုး ဖြစ်လာတယ်။ Zawgyi က တမျိုး၊ MM Unicode က တမျိုး ဒီကြားထဲ Ayar က ၀င်ချ လာသေးတယ်။ ဒီတော့ ဖတ်ချင်ရင် Fonts တွေ ထည့်လိုက်ရင် အဆင်ပြေ သွားတာပဲ။ ခက်တာက Comments ပဲဖြစ်ဖြစ်၊ Post တစ်ခု တင်တော့မယ် ဆိုရင်ပဲ ဖြစ်ဖြစ်၊ Keyboard က လိုလာပြန်ရော။ ကဲ Keyboard ရှိတယ်ပဲ ထားဦး။ တင်လိုက်ရင် လွယ်တာပဲလေ။ ဒါပေမယ့် လက်ကွက်က မတူတော့ ခက်ရော။ Zawgyi နဲ့ အသားကျနေတဲ့ အတွက် Unicode keyboard နဲ့
ရိုက်ရမယ် ဆိုတော့ မရိုက်ဖူးရင် တလုံးချင်း လိုက်ရိုက်နေရတာ ပြီးမပြီးနိုင်တော့ဘူး.. တလုံးချင်း Typing စကျင့်သလို လိုက်ရိုက် နေရတော့တာလေ။ ဒီတော့ Fonts ပြောင်းလို့  ရတာလေး ရှာကြည့်တယ်။ သူငယ်ချင်း တစ်ယောက်က Font converter ဆိုဒ်လေး တစ်ခု လာပေးတယ်။ မဆိုးဘူး။ အဲဒီ Link လေး ပေးလိုက်ပါတယ်။
http://burglish.my-mm.org/latest/trunk/web/fontconv.htm
ကဲ website ပေါ်မှာ လုပ်လို့ရပြီ။ ထားတော့။ Connection မရတဲ့ အချိန်မျိုးမှာ ခက်ပြန်ရော။ အဓိက Flash သီချင်း လုပ်တဲ့သူတွေ ဖောင့်ကို Zawgyi နဲ့ မသုံးချင်ဘူး တခြားဖောင့်နဲ့ သုံးချင်တယ်။ စာလုံးဆက်တွေ ပါလာရင် Alt Key နဲ့ တွဲတွဲ ရိုက်နေရတယ်။ အဲဒါတွေကို အလွတ်လဲမရဘူး။ ဒီတော့ အဲဒီ Font converter ဆိုဒ်လေး ကို Offline အနေနဲ့ သုံးလို့ရအောင် ဆိုဒ်တစ်ခုလုံး Download ချမယ် ဆိုပြီး Web Downloader တစ်ခုပြီး တစ်ခု စမ်းတယ်။ အဆင်မပြေဘူး။ တစ်ခါမှ မလုပ်ဖူးလို့ပါ။ ဒီမှာ Online ပေါ်မှာ ရှိနေတဲ့ သူငယ်ချင်းတစ်ယောက်ကို အပူကပ်မိတယ်။ Website တစ်ခုလုံး ဒေါင်းလုပ်ချမယ်ဗျာ။ အဲဒါ သုံးနေကျထဲက အဆင်ပြေမယ့် Software လေးတစ်ခု မ စပါပေါ့။ သူက ပြန်မေးတယ်။ Connection နဲ့ အဆင်ပြေပါ့မလားတဲ့ သေးသေးလေး ဖြစ်မှာပါဗျာ ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက်ပြောရင်း ကျွန်တော် Font converter ဆိုဒ်လေးကို ဒေါင်းမှာဆိုတဲ့ အကြောင်း စကားစပ်မိသွားတာ။ သူက စောစောက မပြောဘူးတဲ့။ Convert လုပ်တဲ့ Software လေး ရှိတယ်တဲ့။ ပို့ပေးလိုက်တယ်။ Software က သေးသေးလေး။ Web ပေါ်မှာ လုပ်ရတာနဲ့ အတူတူပဲ။ ကဲ Share လိုက်ပြီနော်။ လိုတဲ့သူ Download လုပ်တော့ဗျာ..
Special Thank: ရသာ
Fonts Converter [11Kb]
Download
ဘယ်ပညာမဆို သိနေသူအတွက် သိပ်လွယ်တယ် ထင်ရပေမယ့်
မသိသေးသူအတွက်တော့ ခက်နေမှာပဲ

No comments:

Post a Comment

Comment လေးတွေရေးပေးနိုင်ပါသည်