အခြေခံနားလည်ရပါမယ်။ java files တွေ ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို
အခြေခံသိမှ၊ အခေါ်အဝေါ်တွေကို နားလည်မှသာ ပိုမိုအဆင်ပြေနိုင်မှာပါ။ (၂)
Software Installation and Configuration ကိုလုပ်တတ်ရပါ့မယ်။ (၃)
အချို့အခေါ်အဝေါ်တွေကိုတော့ ရှင်းပြ၊ အဓိပါယ်ဖွင့်ပြ မှာမဟုတ်တဲ့အတွက်
ဖြစ်နိုင်ရင် HTML အခြေခံရှိရင် ပိုကောင်းမယ် ထင်ပါတယ်။
Java 2 Enterprise Edition
Part 1
Module 1
Introduction to Web
Web ဆာဗာ တစ်ခုက ဘာအလုပ်လုပ်သလဲ?
Web ဆာဗာတစ်ခုဟာ client ရဲ့ တောင်းဆိုမှု (Request) ကို ရယူပြီး အဲဒီ့ Client ဆီကို ပြန်ပေးတယ် (Response)။
အသုံးပြုသူ (User) ဟာ Web browser (Internet Browser, Mozilla, etc.,…)
တစ်ခုကနေ Resource (အရင်းအမြစ်) တွေကို တောင်းခံလိုက်တဲ့အခါ ဆာဗာဟာ အဲဒီ့
တောင်းခံမှု (request) ကို လက်ခံရယူပြီး (၁) Resource ကိုရှာတယ်၊ (၂)
တောင်းခံသူ (User) ဆီကို တစ်ခုခု ပြန်ပေးတယ်။ ပြန်ပေးတဲ့ အဲဒီ့ Resource
တွေဟာ တစ်ခါတစ်ရံမှာ HTML စာမျက်နှာတွေ (သို့) တစ်ခါတစ်ရံ ရုပ်ပုံတွေ၊
တစ်ခါတစ်ရံ အသံတွေ စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။
Thing (resource) မတွေ့ဘူး၊ မရှိဘူးဆိုရင် “404 Not Found” ဆိုတဲ့ အမှား (Error)
တွေ့ရလိမ့်မယ်။
ဥပမာ-
(က) Client Side - Client ကနေ Internet Address (http://www.padonma.com/welcome.jpg ဆိုတဲ့ကွင်းဆက်
-Link) ကို request (web browser တစ်ခုကနေ ၀င်ရောက်တဲ့အခါ) လုပ်လိုက်တယ်။
(ခ) Server Side - များသောအားဖြင့် ဆာဗာမှာ Client ဆီကို
ပြန်ပို့နိုင်တဲ့ အကြောင်းအရာ (Content) တွေရှိကြတယ်။ ယင်း Content
တွေဟာ web pageတွေ၊ JPEG ပုံတွေ၊ အခြား Resource တွေ
အများကြီးဖြစ်နိုင်တယ်။
(ဂ) Server Side – ပြန်တဲ့ Response မှာ Client Request လုပ်တဲ့ actual document ဒါမှမဟုတ်
Request ကို မလုပ်ဆောင်နိုင်ခဲ့ရင် (ရှာမတွေ့ရင်) သက်ဆိုင်ရာ Error Code
တွေ ပါတယ်။
web server ဟာ Client တောင်းဆိုသမျှကို တွေ့သည်ဖြစ်ဖြစ်၊ မတွေ့သည်ဖြစ်ဖြစ် အကြောင်းပြန်တယ်။ အဲဒီတော့ Web Server
ဟာ client request ကို ရယူတဲ့ (gets) အလုပ်၊ request ရဲ့ thing
ကိုရှာဖွေပြီး ပြန်ပို့ပေးတဲ့ (Response) အလုပ် တွေကို လုပ်တယ်။
Web Client တစ်ခု ဘာအလုပ်လုပ်သလဲ?
Web client တစ်ခုဟာ user ကို Server ပေါ်က တစ်စုံတစ်ခုကို request လုပ်ခွင့်ပြုပြီး ရလဒ် (Result) ကို userဆီကို
ပြတယ်။
Browser ဆိုတာ Server နဲ့ ဘယ်လို ချိတ်ဆက်ရမယ် (Communicate) ဆိုတာသိတဲ့ software (Mozilla, Netscape, IE
စသည်ဖြင့်) တစ်ခုပါ။ Browserရဲ့ အရေးကြီးတဲ့ အခြား အလုပ်ကတော့ HTML Code
ကိုဘာသာပြန် (Interpreting)ပြီး user အတွက် web page အဖြစ် သရုပ်ဖေါ်
(Rendering)ခြင်းပါဘဲ။
ဥပမာ-
(က) Client Side - User က browser ထဲရှိ Link ကို click (Request)
လုပ်လိုက်တယ်ဆိုပါစို့။ အဲဒီ့အခါ Browser ဟာ Request ကို ပုံစံချ (Format)
ပြီး Server ဆီကို ပို့တယ်။
(ခ) Server Side – Server ဟာ Request ကို ရှာတယ်။ ပုံစံချ (Format) ပြီး client (Browser)
ဆီကိုပြန်ပို့ (Response) တယ်။
(ဂ) Client Side – Server ရဲ့ response ကို ရယူ (gets) ပြီး user ကို ပြန်လည်သရုပ်ဖေါ်
(rendering) ပြသတယ်။

No comments:
Post a Comment
Comment လေးတွေရေးပေးနိုင်ပါသည်