Tab Menu




အောင်ဖြိုးဦးဘလော့သို့ လာရောက်ကြသောသူငယ်ချင်းများအားလုံးကိုနွေးထွေးစွာကြိုဆိုပါသည်။

Saturday, 6 October 2012

အတော်လေးစုံတဲ့ Ayar Dictionary website and software

ဒါကတော့ မသိသေးတဲ့သူတွေကို သိစေချင်လို့ ကြေငြာပေးလိုက်တာပါ. သိပြီးသားလဲ ဖြစ်ကောင်းဖြစ်မှာပါ. ဧရာအဖွဲ့ကနေ လုပ်ထားတဲ့ Dictionary website နဲ့ dictionary software လေးကို သုံးကြည့်စေချင်ပါတယ်. လတ်တလောတော့ စာလုံးပေါင်း 241299 ကို ထည့်သွင်းပေးထား ပါတယ်. နောက်ထပ်လည်းပဲ update လုပ်နေဦးမယ်ထင်ပါတယ်. web dictionary မှာကတော့ မြန်မာ မှ အင်္ဂလိပ်အင်္ဂလိပ် မှ မြန်မာ မြန်မာ မှ မြန်မာ မြန်မာဆိုရိုးစကား မြန်မာ ဘန်းစကားကွန်ပျူတာသုံးအတိုကောက်အက္ခရာများအမည်အသံထွက်များ စာလုံးပေါင်းသတ်ပုံ စတဲ့ အကြောင်း အရာတွေကို ရှာဖွေပေးနိုင်ပါတယ်. လိုချင်တဲ့ စာသားတော်တော်များများကို တွေ့ရပါတယ်. Web dictionary ကို သွားချင်ရင်တော့ ဒီကို နှိပ်လိုက်ပါ.
Dictionary ကို Download လုပ်မယ်ဆိုရင်တော့ အဲ့ဆိုက်မှာ Download လုပ်ဖို့ပေးထားပါတယ်. web dictionary မှာ ဧရာဖောင့် မလိုအပ်ပေမယ့်. Dictionary software ကို Download လုပ်ပြီးတော့ မိမိကွန်ပျူတာမှာ ထည့်ပြီး offline သုံးချင်တယ် ဆိုရင်တော့ ayar font ရှိလို့ လိုအပ်ပါတယ်. Dictionary ကို install လုပ်စရာမလိုပါဘူး. portable ဖြစ်တဲ့အတွက် run ပြီး သုံးရုံပါပဲ. ayar font ကို လိုချင်ရင်တော့ ဒီမှာ Download လုပ်လိုက်ပါ.



No comments:

Post a Comment

Comment လေးတွေရေးပေးနိုင်ပါသည်