မျက်နှာ ချွေးပြန် တာဟာ အဖြစ် များ တဲ့ပြဿနာ တစ်ခုဖြစ် ပြီး အထူး
သဖြင့် နွေ ရာသီ လိုမျိုးမှာ အဖြစ်များတတ်ပါတယ်။ ချွေးထွက်များတာကြာလာရင်
သင့်ခန္ဓာ ကိုယ်အတွက် ရေဓာတ်ခန်းခြောက်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။
မျက်နှာပေါ်မှာ ချွေးအရမ်းထွက်တာကတော့ သင့်အ တွက်
စိတ်အနှောင့်အယှက်ဖြစ်စေမှာပါ။ ဒါ့ထက်ဆိုးတာက ဘာတွေပဲ လိမ်းခြယ်၊ လိမ်းခြယ်
လွယ်လွယ်ကူကူ ပျက်ပြယ်သွား တတ်တာပါပဲ။ သိပ်ကြီးမားတဲ့ပြဿနာ
မဟုတ်ဘူးဆိုပေမယ့် ချွေးကနေတစ်ဆင့် အရေပြားမှာ အညစ်အကြေးတွေ ကပ် ကာ
ဘက်တီးရီးယားပိုးဝင်ရင် အခြေ အနေက ပိုပြီးဆိုးသွားနိုင်တာကြောင့်
ကုသနိုင်တဲ့ နည်းလမ်းသုံးသွယ်ကို ရေး သားလိုက်ပါတယ်။
ရေခဲကပ်ပေးခြင်း
ရေခဲတုံးလေးတွေကို
တဘက်တစ် ထည်ထဲ ထည့်ထားပြီး အေးလာချိန်မှာ မျက်နှာပေါ်အနှံ့ လိုက်ကပ်ပေးပါ။
တစ် နေ့ကို နှစ်ကြိမ်၊ သုံးကြိမ်လောက်ပြုလုပ် ပေးရင် မျက်နှာချွေးပြန်တာကို
သက်သာ စေနိုင်ပါတယ်။ ရေခဲကပ်တာဟာ မျက် နှာချွေးပေါက်ကျယ်တာကို သက်သာစေ
ပြီး၊ မျက်နှာပေါ်မှာ ချွေးစေးထွက်တာကို သက်သာစေတာကြောင့် မိတ်ကပ်မလိမ်း ခင်
ရေခဲကပ်ပေးနိုင်ပါတယ်။ ရေခဲရေနဲ့ မျက်နှာကို ပွတ်သပ် ပေးတာကလည်း တူညီတဲ့
အကျိုးကို ရရှိ စေပါတယ်။
ခရင်မ်နဲ့ လိုးရှင်းကိုရှောင်ပါ
အဆီကို
ခြေခံပြီး ထုတ်ထားတဲ့ လိုး ရှင်းနဲ့ ခရင်မ်တွေကို မျက်နှာပေါ်မှာ လုံး
ဝမလိမ်းပါနဲ့။ အထူးသဖြင့်နေပူတဲ့အချိန် မျိုးမှာပါ။ အဆီပါဝင်တဲ့ ခရင်မ်တွေ
ကြောင့် မျက်နှာကို ပိုပြီးချွေးထွက်စေနိုင် တဲ့အပြင် ဝက်ခြံတွေလည်း
ထပ်ပြီးထွက် လာစေပါတယ်။ ရေဓာတ်ပါဝင်တဲ့ ခရင်မ်တွေကို မျက်နှာအရေပြားရေဓာတ်
ရရှိဖို့ လိမ်းချင်တယ်ဆိုရင် ညအိပ်ရာဝင် ခါနီးအချိန်မှသာ သုံးပေးပါ။
မနက်အိပ် ရာထချိန်မှ မျက်နှာကို သေချာပြန်ပြီး သန့်စင်ပေးလိုက်ပါ။
သခွားသီးဖျော်ရည်
သခွားရည်ဟာ
သဘာဝအသားအ ရေ ထိန်းသိန်းတဲ့အရာတစ်မျိုးဖြစ်ပြီး ပုံမှန် သုံးပေးရင်
အသားအရေကို ချော မွေ့လှပကာ ချွေးထွက်များတာကိုလည်း ကုသ ပေးနိုင်ပါတယ်။
သခွားသီးကို ကြိတ်ခြေထားတဲ့အရည်နဲ့ မျက်နှာအနှံ့ မှာ လိမ်းလိုက်ပြီး မိနစ်
၂၀ လောက် ကြာမှ ရေဆေးချလိုက်ပါ။ မျက်နှာမှာ ရေဓာတ်ရရှိစေပြီး အရေပြားကို
တင်း ရင်းသွားစေပါတယ်။
No comments:
Post a Comment
Comment လေးတွေရေးပေးနိုင်ပါသည်