ဒီတစ်ပတ်တော့ အိန္ဒိယတောင်ပိုင်းစတိုင် ကြက်သားဒံပေါက် လုပ်စားကြမယ်။
ပါဝင်ပစ္စည်းများ
Basmati ဆန်၊ ကြက်သား၊ ဒိန်ချဉ်၊
ထောပတ်၊ ပူဒီနာ၊ ကြက်သွန်နီ၊ ဖာလာ၊
ကရဝေး လေးညှင်းပွင့်၊ ငရုတ်ကောင်း ငရုတ်သီးစိမ်း၊
သစ်ကြံပိုးခေါက်၊ နံနံပင်၊ ဆား၊ saffron ၊ Javitri
Basmati ဆန်ကိုရေစိမ်ထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး ကြော်ထားပါ။
ကြက်သားကို သန့်စင်ပြီး အရွယ်တော်အတုံးလေးတွေတုံး၊ အရသာ သွင်းပြီး တစ်နာရီလောက်နှပ်ထားပါ။
ကြက်သားချက်ဖို့အတွက် ဒယ်အိုးထဲထောပတ်ထည့် အပူပေးပြီး ဟင်းခတ်အမွှေးအကြိုင် အားလုံးထည့်ပြီး ဆီသတ်ပါ။
ပြီးရင် ကြက်သားထည့်ပြီး နူးသည်အထိ တည်ထားပါ။
ဒံပေါက်ထမင်းချက်ဖို့အတွက်ကိုတော့ ရေစိမ်ထားတဲ့ ဆန်ကိုဆီအနည်းငယ်နဲ့ ဆီပူထိုးပါ။
ခဏနေရင် ရေနည်းနည်းထည့်ပြီး ရေခန်းလာရင် ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ချက်ပါ။
အဖုံး အုပ်ပြီး ထမင်းကို မီးနည်းနည်းနဲ့ မိနစ် ၃၀ လောက် နှပ်ချက်ချက်ပါ။
ပြီးရင် ကြော်ထားတဲ့ ကြက်သွန်နီ ရောထည့်ပါ။
ထမင်းလည်းရပြီး ကြက်သားဟင်းလည်း နူးပြီဆိုရင်တော့ ကြက်သားဒံပေါက် တည်ခင်းပြီး သုံးဆောင်လို့ရပြီပေါ့။
No comments:
Post a Comment
Comment လေးတွေရေးပေးနိုင်ပါသည်